马宁

ပီကင်း တာ့ရှင်း အပြည်ပြည်ဆိုင်ရာ လေဆိပ် တရားဝင်အသုံးပြုလည်ပတ်ကြောင်း ရှီကျင့်ဖိန် ကြေညာ

(GMT+08:00)2019-09-26 12:01:49  

图片默认标题_fororder_1

  တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် နှစ်၇၀ပြည့် အခါသမယတွင် ပီကင်း တာ့ရှင်း အပြည်ပြည်ဆိုင်ရာ လေဆိပ် တရားဝင် အသုံးပြုလည်ပတ်ရေး အခမ်းအနားကို ၂၅ရက်နေ့ နံနက်ပိုင်းက ပီကင်းမြို့၌ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် အခမ်အးနားသို့ တက်ရောက်ပြီး ယင်းလေဆိပ် တရားဝင် အသုံးပြုလည်ပတ်ကြောင်း ကြေညာ၍ လေဆိပ်အဆောက်အအုံကို လှည့်လည်ကြည့်ရှုခဲ့ ပါသည်။ ၎င်းက ပါတီ ဗဟိုကော်မတီ ကိုယ်စား လေဆိပ်တည်ဆောက်ရေး နှင့် လည်ပတ်ရေးလုပ်ငန်းတွင် ပါဝင် ဆောင်ရွက်ကြသော ကေဒါခေါင်းဆောင် နဲ့ ဝန်ထမ်းများအား ကျေးဇူးတင်သည်ဟု ဖော်ပြ၍ စိတ်ရင်းစေတနာဖြင့် နှုတ်ခွန်းဆက်သလိုက်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

图片默认标题_fororder_2