徐敏霞

မကာအို ပြည်သူလူထုများ၏ ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်း များစွာ ကမ္ဘာ့ ရှေ့ပြေး ဖြစ်နေ

(GMT+08:00)2019-09-22 10:04:52  

တရုတ်နိုင်ငံ မကာအို အထူးအုပ်ချုပ်ရေးဒေသ လူမှုရေးနှင့် ယဉ်ကျေးမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ထမ်ကျွင့်ရုံက၊ မကာအို ဒေသက အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည် ဝင်ရောက်ခဲ့သည့် နှစ် ၂၀ အတွင်း၊ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး၊ နာတာရှည်ရောဂါများ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးရေး၊ အထူးကု ဆေးဝါးကုသရေး နည်းပညာ တိုးမြှင့်ရေး၊ ဆေးဝန်ထမ်းများ မွေးထုတ် ပျိုးထောင်မှု တိုးချဲ့ ဆောင်ရွက်ရေး စသည့် နယ်ပယ်များတွင် အပြုသဘော ဆောင်သော တိုးတက်မှုများ ရရှိ ခဲ့ကြောင်း၊ မကာအို ပြည်သူလူထုများ၏ ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်း များစွာသည် ကမ္ဘာ့ ရှေ့ပြေးနေရာ၌ တည်ရှိနေပြီ ဖြစ်ကြောင်း ယခုလ ၂၁ ရက်နေ့က ပြောကြား ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။