徐敏霞

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက်ခြင်းကို ထောမနာပြု

(GMT+08:00)2019-09-22 10:04:11  

图片默认标题_fororder_联合国

 

ယခုလ ၂၀ ရက်နေ့က ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ် ဧည့်ခံပွဲကို ကျင်းပခဲ့ကြောင်း၊ ကုလသမဂ္ဂ အမြဲတမ်း ဒုအတွင်းရေးမှူးချုပ် အာမင်နာသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်၏ ဂုဏ်ပြုထောမနာ မိန့်ခွန်းလွှာကို ဖတ်ပြခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ယင်းမိန့်ခွန်းလွှာတွင်၊ တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လုပ်ငန်းတွင် အဓိက ပါဝင် ဆောင်ရွက်သူနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံစုံဝါဒ၏ ကျောရိုးကဏ္ဍိုင် ဖြစ်ပြီး အမြုတေကျသည့် အခန်းကဏ္ဍမှ ပါအဝင် ဆောင်ရွက်နေကြောင်း၊ တရုတ်နှင့် ကုလသမဂ္ဂတို့သည် မျက်မှောက် နိုင်ငံတကာ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်နေခဲ့ကြောင်း ဖေါ်ပြထားပါသည်။