李悦

ရှီကျင့်ဖိန်သည် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်တည်ထောင်ခဲ့သည့် နှစ် ၇၀ ပြည့်မြောက်ခြင်း ညီလာခံ၌ အရေးကြီး မိန့်ခွန်း ပြောကြား

(GMT+08:00)2019-09-21 17:05:58  

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် တည်ထောင်ခဲ့သည့် နှစ် ၇၀ ပြည့် မြောက်ခြင်းအထိမ်းအမှတ် ညီလာခံကို ယခုလ ၂၀ ရက်နေ့ နံနက်ပိုင်းက ပီကင်းတွင် ကျင်းပခဲ့သည်။ တရတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ညီလာခံသို့ တက်ရောက် ပြီး အရေးကြီး မိန့်ခွန်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

တရတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင် လီခေ့ချန်၊ ဝမ်ဟုနင်၊ ကျောက်လက်ဂျိ၊ ဟန်ကျိန့်နှင့် နိုင်ငံတော် ဒု ဥက္ကဋ္ဌ ဝမ်ချီဆန်းတို့ တက်ရောက်ခဲ့ကြသည်ဟု သတင်းအရသိရသည်။

图片默认标题_fororder_0921

图片默认标题_fororder_09212