马宁

【တရုတ်ပြည်အကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ “ပထမဆုံး” များ】နျူကလီးယားစွမ်းအား ရေငုပ်သင်္ဘော

(GMT+08:00)2019-09-18 13:48:27  

图片默认标题_fororder_核潜艇1

  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ “ပထမဆုံး” များဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် နှစ် ၇၀ အတွင်း ဖွံ့ဖြိုးရေး အောင်ကျိုးရလဒ်များကို ပြသထားမည်။ ယခုအကြိမ်၏ “ပထမဆုံး”မှာ နျူကလီးယားစွမ်းအား ရေငုပ်သင်္ဘော ဖြစ်ပါသည်။

图片默认标题_fororder_核潜艇3

  ၁၉၇၀ပြည့်နှစ်တုန်းက တရုတ်နိုင်ငံက ကိုယ်ပိုင်တီထွင်ထုတ်လုပ်တဲ့ ပထမဆုံး နျူကလီးယားစွမ်းအား ရေငုပ်သင်္ဘောဟာ ရေအောက်မှာ အောင်မြင်စွာ အသုံးပြုခဲ့တဲ့အတွက် တရုတ်နိုင်ငံဟာ ပဉ္စမမြောက် နျူကလီးယားစွမ်းအား ရေငုပ်သင်္ဘောပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာပါပြီ၊ ဒီသင်္ဘောရဲ့ စက်ကိရိယာအစိတ်အပိုင်းပစ္စည်း အရေအတွက်ဟာ ၄သောင်း ၆ထောင်လောက်ရှိပြီး တည်ဆောက်ဖို့ ပစ္စည်းအမျိုးပေါင်း ၁၃၀၀ကျော် လိုအပ်ပါတယ်၊ ဒီသင်္ဘောအားလုံးကို တရုတ်လုံးဝကိုယ်ပိုင်တီထွင်ထုတ်လုပ်ပြီး နိုင်ငံခြားထုတ် ဝက်အူတစ်ခုမှ မသုံးပါဘူး။

图片默认标题_fororder_核潜艇2

  ၂၀၁၉ခုနှစ် ဧပြီလ ၂၃ရက်နေ့က တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရေတပ် တည်ထောင်ခဲ့တဲ့ နှစ် ၇၀ပြည့်မြောက်ခြင်းကို အထိမ်းအမှတ်ပြုဖို့အတွက် ချင်းတောမှာ ဗိုလ်ရှုခံသဘင်ပွဲကို ကျင်းပခဲ့တယ်၊ စစ်သင်္ဘော ၃၂စင်း နဲ့ နျူကလီးယားစွမ်းအား ရေငုပ်သင်္ဘောပုံစံသစ်တွေ ပါဝင်ပြသခဲ့တယ်လို့ သိရပါသည်။