朱蕾

ဝမ်ယိသည်၊ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ယေ​ဘု​ယျ အချေအတင် ပြောဆိုပွဲသို့ တက်ရောက်မည်

(GMT+08:00)2019-09-17 10:51:17  

၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို ဒေသစံတော်ချိန် ယခုလ ၁၇ ရက်နေ့တွင် နယူးရောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်ရုံး၌ ဖွင့်လှစ်ပြီး၊ လာမည့် ၂၄ ရက်နေ့တွင် ယေဘုယျ အချေအတင်ပြောဆိုပွဲကို ကျင်းပမည်ဖြစ်သည်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဟွာချွမ်းယဉ်က တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်၊ အဖွဲ့ကို ဦးဆောင်ပြီး၊ ယခုအကြိမ် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ယေဘုယျ အချေအတင် ပြောဆိုပွဲသို့ တက်ရောက်မည့် အပြင်၊ ဥက္ကဋ္ဌရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်အဖြစ်၊ ကုလသမဂ္ဂ ရာသီဥတု ဆောင်ရွက်မှု ထိပ်သီးများအစည်းအဝေးနှင့် ဆက်တိုက်ဖွံ့ဖြိုးရေး ရည်မှန်းချက် ထိပ်သီးများ အစည်းအဝေးများသို့ တက်ရောက်မည်ဖြစ်ကြောင်း ယခုလ ၁၆ ရက်နေ့က ထုတ်ဖော် ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။