宋冉

ရှမင်-အလယ်အာရှရထားလမ်းသည် အာဆီယံနိုင်ငံ၃နိုင်ငံနှင့်ပထမအကြိမ် ဆက်သွယ်

(GMT+08:00)2019-09-17 15:15:18  

ယခုလ၁၆ရက်နေ့က ဗီယက်နမ်နိုင်ငံဟိုချီမင်မြို့၊ မလေးရှားနိုင်ငံကလန် ပေါ့တ်၊ ထိုင်းနိုင်ငံလင်ချာဘန်မြို့နှင့် အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့မှ ကုန်သေတ္တာ၅ခုသည် တရုတ်ပြည်ရှမင်မြို့သို့ရောက်ရှိပြီး ရှမင်-အလယ်အာရှရထားဖြင့် ကာဇတ်စတန်နိုင်ငံအာလာမူတာမြို့နှင့် နူလ်ဆူတန်မြို့သို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ ရှမင်-အလယ်အာရှရထားလမ်းသည် မလေးရှားနိုင်ငံကလန်ပေါက်မြို့၊ ထိုင်းနိုင်ငံလင်ချာဘန်မြို့နှင့်အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့တို့ရှိ ကုန်ပစ္စည်းများကို ပို့ဆောင်ခြင်းဖြစ်ကြောင်း တရုတ်သတင်းဝက်ဘ်ဆိုက်မှ သတင်းအရသိရပါသည်။