李悦

ရိုဟာနီနှင့်ထရန့်တို့ ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပစဉ်အတွင်း တွေ့ဆုံဆွေးနွေးမည်မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2019-09-17 17:00:31  

အီရန်သမ္မတ ရိုဟာနီနှင့် အမေရိကန်သမ္မတ ထရန့်တို့သည် ကုလသမဂ္ဂအထွေထွေ ညီလာခံကျင်းပစဉ်အတောအတွင်း တွေ့ဆုံဆွေးနွေးမည်မဟုတ်ကြောင်း အီရန်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မိုဆာဗီက ယမန်နေ့ ၁၆ ရက်နေ့က ကျင်းပခဲ့ သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ရိုဟာနီ၏လက်ရှိခရီးစဉ်တွင် ထရန့်နှင့် တွေ့ဆုံဆွေးနွေရန် အစီအစဉ် မရှိကြောင်း၊ နှစ်ဖက်တို့သည် တွေ့ဆုံဆွေးနွေးသည့်ရည်ရွယ်ချက်သည်ဓါတ်ပုံရိုက်ဖို့ မဟုတ်ဘဲ ထိရောက်သောအောင်ကျိုးရလဒ်များ ရရှိရန်အတွက်သာ ဖြစ်သည်ဟု ရိုဟာနီက ရှင်းလင်းပြောကြားခဲ့ဖူးကြောင်း မိုဆာဗီက ဖော်ပြပါသည်။