梅皓

အသစ် ရွေးချယ်ခံရသော မကာအို အထူးအုပ်ချုပ်ရေး ဒေသ အုပ်ချုပ်ရေးမှူး Ho Iat Sengကို ရှီကျင့်ဖိန် တွေ့ဆုံ

(GMT+08:00)2019-09-12 15:42:54  

  ယခုလ ၁၁ရက်နေ့ ညနေပိုင်းက ပီကင်းတွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အသစ် ရွေးချယ်ခံရပြီး ဗဟို အစိုးရမှ ခန့်အပ်ခြင်း ရရှိသော မကာအို အထူးအုပ်ချုပ်ရေး ဒေသ ပဉ္စမမြောက် အုပ်ချုပ်ရေးမှူး Ho Iat Sengကို တွေ့ဆုံနှုတ်ဆက်ခဲ့ ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

图片默认标题_fororder_1124988351_15682134126681n

  ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖိန်က လွန်ခဲ့သည့် နှစ်များ၌ Ho Iat Sengသည် တိုင်းချစ်ပြည်ချစ်၊ မကာအိုချစ် သဘောထား ရပ်တည်ချက်ကို စွဲကိုင်ပြီး ဟောင်ကောင် လူ့ဘောင်အဖွဲ့အစည်းများအတွက် ဝန်ဆောင်မှုကို စိတ်အားထက်သန်စွာ ပြုလုပ်ခဲ့ကြောင်း၊ ၄င်းသည် တရုတ်ပြည်သူ့ ကွန်ဂရက် ပြည်လုံးဆိုင်ရာ ကော်မတီ အမြဲတမ်း အဖွဲ့ဝင်နှင့် မကာအို ဥပဒေပြုရေး ကောင်စီ ဥက္ကဋ္ဌ စသည့် ရာထူးများကို တာဝန် ထမ်းဆောင်ရာတွင် နိုင်ငံတော် ပြုပြင်ပြောင်းလဲမှု၊ တံခါးဖွင့်မှု၊ ခေတ်မီရေး တည်ဆောက်မှုနှင့် မကာအို၏ စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေး အတွက် အကျိုးပြု စွမ်းဆောင်မှုကို ပြုလုပ်ခဲ့ကြောင်း၊  ဗဟိုအစိုးရသည် ယင်းအပေါ် အပြည့်အဝ အတည်ပြုကြောင်း ပြောကြားသည်။

  Ho Iat Sengက မိမိ အနေနှင့် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဗဟို အစိုးရ၏ ဦးဆောင်မှုတွင် တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး မူဝါဒလမ်းစဉ်ကို ဦးလည်မသုန် စွဲကိုင်ကျင့်သုံးမည် ဖြစ်ကြောင်း၊ တရုတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မကာအို အထူး အုပ်ချုပ်ရေး ဒေသ အခြေခံ ဥပဒေ၏ တန်ခိုးသြဇာ၊ ဗဟို အစိုးရနှင့် မကာအို အထူး အုပ်ချုပ်ရေး ဒေသ အကြားရှိ ကောင်းမွန်သော ဆက်ဆံမှု၊ ဗဟို အစိုးရ၏ ဘက်စုံ စီမံအုပ်ချုပ်ပိုင်ခွင့်၊ နိုင်ငံတော် အချုပ်အခြာ အာဏာပိုင်မှု၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကို ကောင်းမွန်စွာ  ထိန်းသိမ်းကာကွယ်ကာ မကာအိုတွင် တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး မူဝါဒကို ရေရှည်တည်ငြိမ်စွာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရန် တွန်းအားပေး မည်ဖြစ်ကြောင်း ပြောကြားသည်။