宋冉

တရုတ်နှင့် သိပ္ပံနည်းပညာဆန်းသစ်တီထွင်ရေးစသောနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် မျှော်လင့်ဟု ဘရာဇီးဒုသမ္မတဆို

(GMT+08:00)2019-09-11 15:43:30  

ဒေသစံတော်ချိန်၉ရက်နေ့က ၂၀၁၉ခုနှစ်ဘရာဇီး-တရုတ်လုပ်ငန်းရှင်များကော်မတီ နှစ်ပတ်လည်အစည်းအဝေးကို ဘရားဇီးနိုင်ငံဆန်ပေါ်လိုမြို့၌ ကျင်းပခဲ့သည်။ အစည်းအဝေးတက်ရောက်သူများသည် “တရုတ်-ဘရာဇီးမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုသည် ဘရာဇီးအတွက် ဆောင်ကြဉ်းသော အခွင့်အလမ်းများ” ဆောင်ပုဒ်ကိုဝိုင်းဝန်းပြီး အမြင်ချင်းနက်ရှိုင်းစွာ ဖလှယ်ခဲ့ကြပါသည်။ ဘရာဇီးဒုသမ္မတ မိုရန်က ယခုအကြိမ်အစည်းအဝေးသို့တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာတွင် ဘရာဇီး-တရုတ်လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုတွင် အောင်ကျိုးရလဒ်များစွာ ရရှိပြီး နှစ်နိုင်ငံကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်နေသည့်တစ်ချိန်တည်းတွင် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များကို တိုးချဲ့ဆောင်ရွက် ရန်မျှော်လင့်ပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။