朱蕾

အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား စီးပွားကုန်သွယ်ရေးဝန်ကြီးများ အစည်း အဝေး ကျင်းပ

(GMT+08:00)2019-09-11 11:28:55  

၂၂ ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား စီးပွားကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေးကို ယခုလ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ဗန်ကောက်မြို့တော်၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ဘက်ပေါင်းစုံဝါဒ ထိန်းသိမ်းကာကွယ်ရန် အလေးထား ဖော်ပြပြီး၊ ဒေသတွင်း စီးပွားရေး တစ်ပြေးညီဖြစ်စေရေး တွန်းအားပေးရန်၊ ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ် (RCEP)ဆိုင်ရာ တိုင်ပင် ဆွေးနွေးမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ယခုနှစ်တွင် ပြီးမြောက်အောင် အားဖြည့်ဆောင်ရွက် ရန်  ထပ်လောင်းဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

အစည်းအဝေးအပြီး ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဘက်ပေါင်းစုံဝါဒနှင့် ဒေသဆိုင်ရာ ဝါဒများစွဲကိုင်ခြင်းသည်၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးထိန်းသိမ်းကာကွယ်ရန်အတွက် အရေးကြီးသည့် အနက်အဓိပ္ပါယ် ရှိကြောင်း အလေးထားဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။