梅皓

လာအိုအား ကူညီပံ့ပိုးရန် ၁၁သုတ်မြောက် တရုတ် လူငယ် စေတနာ့ ဝန်ထမ်းများ စေတနာ့ ဝန်ဆောင်မှု စတင် ဆောင်ရွက်

(GMT+08:00)2019-09-11 11:35:57  

  လာအိုနိုင်ငံအား ကူညီပံ့ပိုးရန် ၁၁သုတ်မြောက် တရုတ် လူငယ် စေတနာ့ ဝန်ထမ်းများ သည် ယခုလ ၈ရက်နေ့က ဗီယင်ကျင်းမြို့တော်သို့ ရောက်ရှိပြီး ၁၀ရက်နေ့က စေတနာ့ ဝန်ဆောင်မှု လုပ်ငန်း တာဝန် လွှဲပြောင်းရယူရေး အခမ်းအနားကို ကျင်းပခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

  တရုတ်ပြည် ရှန်ဟိုင်းမြို့က ပညာရေး၊ စီးပွားရေး၊ ဆက်သွယ်ရေး၊ ဆေးဝါးကုသရေး နှင့်ကျန်းမာရေး လုပ်ငန်းနယ်ပယ်များမှ လူငယ် စေတနာ့ ဝန်ထမ်း ၁၃ယောက်သည် လာမည့်နှစ်ဝက် အတွင်း လာအို ပြည်သူ့ တော်လှန်ရေး လူငယ်အဖွဲ့ ဗဟို ကော်မတီ၊ မာဟိုစို့ ဆေးရုံ၊ ပန်ယာသစ် နိုင်ငံတကာ စာသင်ကျောင်းနှင့် လာအို အမျိုးသား အသံလွှင့် နှင့်ရုပ်မြင်သံကြားဌာနစသည့် လုပ်ငန်း ဌာနများတွင် စေတနာ့ ဝန်ဆောင်မှုများကို ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။