马宁

ဟွမ်ခွင်းမင်က အဋ္ဌမအကြိမ်မြောက် တရုတ်လေ့လာရေးဆိုင်ရာ ကမ္ဘာ့ဖိုရမ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား

(GMT+08:00)2019-09-11 11:22:50  

  “တရုတ် နှင့် ကမ္ဘာ၊ နှစ်၇၀ပြည့် ခရီး” အမည်ဖြင့် အဋ္ဌမအကြိမ်မြောက် တရုတ်လေ့လာရေးဆိုင်ရာ ကမ္ဘာ့ဖိုရမ်ကို ၁၀ရက်နေ့က ရှန်ဟိုင်း၌ စတင်ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီး ဟွမ်ခွင်းမင်သည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

  နိုင်ငံ နှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၅ခုမှ ပါရဂူ နှင့် ပညာရှင် ၃၀၀ကျော်သည် ယခု အကြိမ် ဖိုရမ်သို့ တက်ရောက်ကြပါသည်။