邹立莹

ဂျာမဏီ တရုတ်အနွယ်ဖွားများ တရုတ်အမျိုးသားနေ့ဖျော်ဖြေပွဲ ကျင်းပ

(GMT+08:00)2019-09-11 15:40:39  

ဂျာမဏီနိုင်ငံရှိ တရုတ်အနွယ်ဖွားများသည် တရုတ်အမျိုးသားနေ့ ဖျော်ဖြေပွဲကို မကြာခင်က ဘာလင်မြို့၌ ကျင်းပခဲ့ကြောင်း၊ ဂျာ​မ​ဏီနိုင်ငံရှိ တရုတ်အနွယ်ဖွားများ၊ ယဉ်ကျေးမှုနယ်ပယ်မှ ပုဂ္ဂိုလ် ၃၀၀ ကျော်တို့ တက်ရောက်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

      ဖျော်ဖြေပွဲကို ဂျာ​မ​ဏီဆိုင်ရာ တရုတ်သံရုံး၏အကူအညီဖြင့် ဂျာ​မ​ဏီ-တရုတ် ယဉ်ကျေးမှုနှင့် အနုပညာကူးလူးဖလှယ်ရေးအသင်း၊ ဂျာမဏီ-တရုတ်နိုင်ငံတကာ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးအသင်းချုပ်၊ တရုတ်-ဥရောပယဉ်ကျေးမှုနှင့် အနုပညာကူးလူး ဖလှယ်ရေးအသင်းအဖွဲ့ စသည့်အသင်းအဖွဲ့များတို့သည် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ခဲ့ကြ ကြောင်း သတင်းအရ သိရပါသည်။