马宁

၂၀၂၀ပြည့်နှစ်တွင် တရုတ် ဂြိုလ်တုဖြင့် လမ်းပြရေးလုပ်ငန်း တန်ဖိုးမှာ တရုတ် ယွမ်ငွေ ဘီလီယံ၄၀၀ကို ကျော်လွန်မည်

(GMT+08:00)2019-09-11 11:30:35  

  လာမည့်၂၀၂၀ပြည့်နှစ်တွင် တရုတ် ပေတို လမ်းပြစနစ်ကို ဘက်စုံ တည်ဆောက်ပြီးစီးမည့် အပြင် တစ်ကမ္ဘာလုံးဝန်ဆောင်မှုကို ပေးနိုင်မည်ဖြစ်ကြောင်း၊ ပေတိုလမ်းပြစနစ် အသုံးပြုခြင်းသည် ခေတ်သစ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ၂၀၂၀ပြည့်နှစ်တွင် တရုတ် ဂြိုလ်တုဖြင့် လမ်းပြရေးလုပ်ငန်း၏ ပဏာမသည် တရုတ် ယွမ်ငွေ ဘီလီယံ၄၀၀ ကျော်လွန်မည်ဟု ခန့်မှန်းရကြောင်း၊ ၁၀ရက်နေ့က တရုတ်နိုင်ငံ ကျိန့်ကျိုးမြို့၌ ကျင်းပသော တရုတ် ပေတိုစနစ် အသုံးပြုရေး ဖိုရမ်တွင် တရုတ် ဂြိုလ်တုဖြင့် လမ်းပြရေး နှင့် နေရာသတ်မှတ်ရေးအသင်း ဥက္ကဋ္ဌ ယူရှမ်ချိန်က ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။