刘晓宇

【တရုတ်ပြည်အကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ “ပထမဆုံး” များ】 Shenzhou အမှတ် ၁ အာကာသယာဉ်

(GMT+08:00)2019-09-04 10:43:30  

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500049%5c1%5c9500049_1_1_d907b8f0-f6da-4474-b928-fcca70ab0ad3

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ “ပထမဆုံး” များဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် နှစ် ၇၀ အတွင်း ဖွံ့ဖြိုးရေး အောင်ကျိုးရလဒ်များကို ပြသထားမည်။ ယခုအကြိမ်၏ “ပထမဆုံး”မှာ Shenzhou အမှတ် ၁ အာကာသယာဉ် ဖြစ်ပါသည်။

        ၁၉၉၉ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က တရုတ်ပြည်မှ ပထမဆုံးသော မောင်းသူမဲ့ အာကာသယာဉ် Shenzhou အမှတ် ၁ အာကာသယာဉ်ကို ကျိုချွမ် ဂြိုလ်တု လွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့သည်။ Shenzhou အမှတ် ၁ အာကာသယာဉ်သည် အာကာသဟင်းလင်းပြင် ပျံသန်းရေး စမ်းသပ်မှုကို အောင်မြင်စွာ ပြုလုပ်ပြီး ၂၁ နာရီကြာ ပျံသန်းပြီးနောက် မြေကမ္ဘာသို့ ပြန်ဆင်းသက်လာခဲ့သည်။ တရုတ်ပြည်မှ လူပါအာကာသယာဉ်လုပ်ငန်း ပထမဆုံးအကြိမ် ပျံသန်းရေး စမ်းသပ်မှု အောင်မြင်စွာ ပြုလုပ်ခဲ့ခြင်းသည် တရုတ် အာကာသလုပ်ငန်း၏ သမိုင်းမှတ်တိုင်ပင်ဖြစ်သည်။

        ထို့နောက် Shenzhou အမှတ် ၂၊ Shenzhou အမှတ် ၃၊ Shenzhou အမှတ် ၄ မောင်းသူမဲ့ စမ်းသပ်မှု အာကာသယာဉ်တို့သည်လည်း တာဝန်ကို အောင်မြင်စွာ နိုင်ခဲ့ကြသည်။ တို့အပြင် ၂၀၀၃ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင်လည်း Shenzhou အမှတ် ၅ လူပါ အာကာသယာဉ်ကို အောင်မြင်စွာ လွှတ်တင်ခဲ့သည်။

        မျက်မှောက်အချိန်တွင် တရုတ်ပြည်သည် လူပါ အာကာသလုပ်ငန်းစနစ်ကို ပြည့်စုံစွာ တည်ဆောက်နေပြီဖြစ်ပြီး အမေရိကန်၊ ရုရှားပြီးနောက် ကမ္ဘာ့ပေါ်က လူပါ သယ်ဆောင်နိုင်သည့် အာကာသလုပ်ငန်း အခြေခံနည်းပညာကို ကိုယ်တိုင်ပိုင်ဆိုင်သည့် တတိယမြောက်နိုင်ငံ ဖြစ်လာနေပါပြီ။