刘晓宇

တရုတ်-ဖိလစ်ပိုင် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ

(GMT+08:00)2019-08-30 10:30:24  

图片默认标题_fororder_CqgNOl1oSSOAF2nAAAAAAAAAAAA556.900x659

        ယခုလ ၂၉ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်ပြည်သို့ အလည်အပတ်ရောက်ရှိလာသော ဖိလစ်ပိုင်သမ္မတ ဒူတာတေးနှင့် ပီကင်း၌ တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

        နှစ်နိုင်ငံခေါင်းဆောင်များ ရှေ့မှောက်တွင် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များ လဲလှယ်ပွဲကို ပြုလုပ်ခဲ့သည်။ တရုတ်-ဖိလစ်ပိုင်နှစ်ဖက်တို့သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစိုးရကြား ပူးတွဲ လမ်းညွှန်ရေးကော်မတီနှင့် ကုမ္ပဏီကြား လုပ်ငန်းအဖွဲ့ တည်ထောင်ပြီး လက်တွဲ တူးဖော်ရေးတွင် အနှစ်သာရရှိသော ဖွံ့ဖြိုးတိုးတက်မှုရရှိရန် တွန်းအားပေးကြမည်ဟု ကြေညာခဲ့သည်။