李悦

မြောက်ကိုရီးယား-ကန်နှစ်ဖက်တို့ ဆွေးနွေးပွဲ ပြန်လည်ကျင်းပနိုင်မည်ဟု တောင်ကိုရီးယား အရာရှိဆို

(GMT+08:00)2019-08-23 14:48:34  

    တောင်ကိုရီးယားသမ္မတရုံးမှ နိုင်ငံတော်လုံခြုံရေးရာ ဒုဥက္ကဋ္ဌ Kim Hyun-chong က ယမန်နေ့ ၂၂ ရက်နေ့က ဆိုးလ်မြို့၌ အလည်အပတ်ရောက်ရှိနေသော အမေရိကန်မှ မြောက်ကိုရီးယားဆိုင်ရာ မူဝါဒ အထူးသံတမန် Stephen Biegunနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် မီဒီယာများအား တွေ့ဆုံရာတွင် မြောက်ကိုရီးယားနှင့် အမေရိကန်နှစ်ဖက်တို့သည် မကြာမီတွင် ဆွေးနွေးပွဲကို ပြန်လည်ကျင်းပ နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။