徐敏霞

မြန်မာနိုင်ငံ သွေးလွန်တုပ်ကွေး ဖြစ်ပွါး ၄၈ ဦး သေဆုံး

(GMT+08:00)2019-08-19 10:14:49  

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက၊ ယခုနှစ် ပထမ ၇ လ အတွင်း မြန်မာ တစ်ပြည်လုံး၌ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ဦးရေမှာ ၁၀၇၅၇ ဦး ရှိပြီး ယင်းတို့ အနက် ၄၈ ဦး သေဆုံးပြီ ဖြစ်ကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီး၌ ကူးစက်မှုနှုန်း အများဆုံး ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

မြန်မာ အစိုးရဘက်မှ စာရင်းအရ၊ ဧရာဝတီတိုင်းဒေသကြီးတွင် လူ ၁၉၇၆ ဦး ရောဂါ ကူးစက်ခံရပြီး ၅ ဦး သေဆုံးခဲ့ကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးတွင် လူ ၁၇၈၈ ဦး ရောဂါ ကူးစက်ခံရပြီး ၁၅ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။ (ကျော့)