徐敏霞

ပါတီ၏ မူရင်းစိတ်နှင့် တာဝန်ဝတ္တရားကို စွဲစွဲမြဲမြဲ မှတ်ထားပြီး ခေတ်သစ် ခရီးရှည်ကြီးကို ကောင်းကောင်း ချီတက်ရမည်ဟု ရှီကျင့်ဖိန် မှာကြား

(GMT+08:00)2019-08-19 10:17:40  

图片默认标题_fororder_CqgNOl1Z7--AeN0TAAAAAAAAAAA702_958x479_660x330

"ခရီးရှည် ချီတက်ပွဲ လမ်းကြောင်းကို သတင်းထောက်များ ပြန်လည် လျှောက်လှမ်းခြင်း" ဆောင်ပုဒ် ဖြစ်သည့် သတင်းယူပွဲနှင့် ပတ်သက်ပြီး မကြာမီက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက်ခြင်း အခါသမယတွင်၊ ပါတီ တစ်ရပ်လုံးတွင် "မူရင်းစိတ်နှင့် တာဝန်ဝတ္တရားများကို စွဲစွဲမြဲမြဲ မှတ်ထားခြင်း" ဆောင်ပုဒ် ဖြစ်သည့် အသိပညာပေး လှုပ်ရှားမှု ပြုလုပ်နေသည့် ခုလို အချိန်အခါတွင်၊ ပါတီဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာနက စည်းရုံး ပြုလုပ်သော ယင်း သတင်းယူ လှုပ်ရှားမှုသည် အသက်သွေးချွေးဖြင့် ဖြစ်တည်လာသော ခရီးရှည် ချီတက်ပွဲ စိတ်ဓါတ် ထွန်းကားရေးအတွက် လွန်စွာ အဓိပ္ပါယ် ရှိပါကြောင်း၊ ပါတီနှင့် ကေဒါခေါင်းဆောင်များ အနေနှင့် တရုတ် အမျိုးသားများ၏ မွန်မြတ်သော ရှင်သန်ရေး ဖြစ်စဉ်တွင် ခေတ်သစ် ခရီးရှည်ကြီးကို ကောင်းကောင်း ချီတက်ရမည် ဖြစ်ကြောင်း မှာကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။ (ကျော့)