李悦

တရုတ်-ကန်အဆင့်မြင့်ဆွေးနွေးပွဲကိစ္စနှစ်ဖက်ခေါင်းဆောင်တို့ တယ်လီဖုန်းဖြင့်ဆက်သွယ်

(GMT+08:00)2019-08-14 17:08:48  

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဒုဝန်ကြီးချုပ်၊ တရုတ်-အမေရိကန် ဘက်စုံ စီးပွားရေး ဆွေးနွေးပွဲ တရုတ်ဘက်ခေါင်းဆောင် လျူဟို့သည် ချိန်းဆိုထားသည့်အတိုင်း အမေရိကန် ကုန်သွယ်ရေး အဖွဲ့ကိုယ်စားလှယ် လိုက်သီဇာ၊ ဘဏ္ဍာရေးဝန်ကြီး မူနူချင်နှင့် ယမန်နေ့ ၁၃ ရက်နေ့ညက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ တရုတ်ပြည်မှ အမေရိကန်သို့ ပို့ကုန်များအပေါ် အမေရိကန် အခွန်တိုးကောက်ရန် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တရုတ်ပြည်က အလေးအနက် အရေးဆိုခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

နှစ်ဖက်တို့က လာမည့်သီတင်းပတ် ၂ ပတ်အတွင်း ထပ်မံဆက်သွယ်ရန်လည်း ချိန်းဆိုထားသည်။