张晓宁

ပထမနှစ်ဝက်တွင် ကမ္ဘောဒီးယားသို့ခရီးလှည့်လည်သောတရုတ်ခရီးသွားဦးရေမှာ ၁သန်း၂သိန်း၉သောင်းကျော်ရှိ

(GMT+08:00)2019-08-14 17:08:23  

ကမ္ဘောဒီးယားခရီးသွားဝန်ကြီးဌာနမှ ယမန်နေ့၁၃ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ယခုနှစ်ပထမနှစ်ဝက်၌ ကမ္ဘောဒီးယားတွင်ခရီးလှည့်လည်သော တရုတ်ခရီးသွား ဦးရေမှာ ၁သန်း၂သိန်း၉သောင်းကျော်ရှိပြီး ယမန်နှစ်အလားတူ အချိန်ပိုင်းကထက် ၃၈.၇ရာခိုင်နှုန်းတိုးလာကြောင်း၊ တရုတ်ခရီးသွားဦးရေသည် ကမ္ဘောဒီးယားသို့ ဝင်ရောက်သော နိုင်ငံခြားခရီးသည်များတွင် အများဆုံးဖြစ်၍ ရာခိုင်နှုန်း၄၀ခန့်ရှိကြောင်း  ဖော်ပြခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။