刘晓宇

ဟောင်ကောင် ရဲဘက်သည် လေဆိပ်၌ ဆန္ဒပြသူများ၏ အကြမ်းဖက်လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ

(GMT+08:00)2019-08-14 16:36:10  

               ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ရဲဘက်က ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်ဆောင်ရွက်မှုကို ယခုလ ၁၄ ရက်နေ့ မိုးလင်းပိုင်းက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

        ယင်းကိစ္စနှင့်ပတ်သက်ပြီး ရဲဘက်သည် ပြစ်မှုကျူးလွန်သူ အမျိုးသား ၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ရဲဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိပြီး ရဲဘက်က ယင်းပြစ်မှုကို သေသေချာချာ စုံစမ်းစစ်ဆေးမှုကို ပြုလုပ်မည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကို အရေးယူမည်ဖြစ်ကြောင်း ပြောကြားသည်။