宋冉

အကြိမ်၅၀ပစိဖိတ်ကျွန်းနိုင်ငံများဖိုရမ်ခေါင်းဆောင်များအစည်းအဝေးကို တူဗာလူတွင် ဖွင့်လှစ်

(GMT+08:00)2019-08-14 14:44:29  

အကြိမ်၅၀ပစိဖိတ်ကျွန်းနိုင်ငံများဖိုရမ်ခေါင်းဆောင်များအစည်းအဝေးကို ယခုလ၁၃ရက်နေ့ညက တူဗာလူနိုင်ငံဖူနာဖူတီမြို့၌ ဖွင့်လှစ်ပြီး ယင်းဖိုရမ်၏အဖွဲ့ဝင်နိုင်ငံ၁၈နိုင်ငံမှ ခေါင်းဆောင်နှင့်ကိုယ်စားလှယ်များတက်ရောက်ပါဝင် ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရသိပါသည်။

ယခုအကြိမ်အစည်းအဝေးသည် “မိမိတို့၏ ပစိဖိတ်တွင်အနာဂတ်ရေးကို အာမခံပေးခြင်း”ကို ဆောင်ပုဒ်အဖြစ်ထားပြီး အစည်းအဝေးတက်ရောက်သူများသည် ရာသီဥတုပြောင်းလဲမှု၊ စီးပွားရေးဖွံ့ဖြိုးရေး၊ ပင်လယ်ရေကြောင်းလုံခြုံမှုနှင့် ပင်လယ်ညစ်ညမ်မှု စသည်တို့ ဆွေးနွေးကြမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။