刘晓宇

ဟောင်ကောင်အစိုးရသည် လေဆိပ်၌ ဆန္ဒပြသူများ၏ အကြမ်းဖက်လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ

(GMT+08:00)2019-08-14 16:41:05  

       ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အစိုးရ ပြောရေးဆိုခွင့်ရှိသူက ယခုလ ၁၃ ရက်နေ့ညက ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဆန္ဒပြသူများ၏ အကြမ်းဖက် လုပ်ရပ်များကို ယခုလ ၁၄ ရက်နေ့ မိုးလင်းပိုင်းက အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

        ပြောရေးဆိုခွင့်ရှိသူက ယခုလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းကစ၍ ဆန္ဒပြသူများသည် လေဆိပ်၌ စုစည်းပြီး လေဆိပ်လည်ပတ်မှုနှင့် ခရီးသည် သွားလာမှုကို ထိခိုက်ခဲ့ကြောင်း၊ ညပိုင်းတွင် အကြမ်းဖက်သမားများသည် ခရီးသည်တစ်ဦးနှင့် သတင်းထောက်တစ်ဦးကို အသီးသီး ဝိုင်းဝန်း ရိုက်နှက်ပြီး ယင်းခရီးသည် ဆေးရုံသို့ ပို့ဆောင်မှုကိုလည်း တားမြစ်ခဲ့ကြောင်း၊ ရဲဝန်ထမ်းများ လေဆိပ်သို့ ရောက်ရှိပြီးနောက် အကြမ်းဖက်သမားများသည် ရဲဝန်ထမ်းများကို တိုက်ခိုက်ပြီး ရဲဝန်ထမ်းများ၏ လုံခြုံမှုကို အန္တရာယ်ဖြစ်စေခဲ့ကြောင်း ပြောကြားသည်။