张晓宁

၂၀၁၉ခုနှစ်ကမ္ဘာ့လူငယ်များစက်ရုပ်ဖိတ်ခေါ်ပြိုင်ပွဲကို တရုတ်ချုံချင့်မြို့တွင် ဖွင့်လှစ်

(GMT+08:00)2019-08-14 17:09:48  

၁၉ကြိမ်မြောက်တရုတ်လူငယ်များစက်ရုပ်ပြိုင်ပွဲနှင့် ၂၀၁၉ခုနှစ်ကမ္ဘာ့လူငယ်များစက်ရုပ် ဖိတ်ခေါ်ပြိုင်ပွဲကို ယမန်နေ့၁၃ရက်နေ့က တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။ လာမည့်၎ရက်ကြာအတွင်း တရုတ်လူငယ်လက်ရွေးစင် ၂၀၀၀ကျော်နှင့် ပြည်ပလူငယ်လက်ရွေးစင် ၂၀၀ကျော်တို့သည် ချုံချင့်မြို့၌ စွဲဆောင်မှုများစွာရှိသောစက်ရုပ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။