宋冉

၂၀၁၈ခုနှစ်နှစ်ကုန်ပိုင်းတွင် တရုတ်ပြည်အင်တာနက်သုံးစွဲသူဦးရေသည် သန်း၈၃၀ရှိ

(GMT+08:00)2019-08-14 14:45:18  

တရုတ်နိုင်ငံတော်စာရင်းအင်းဌါနမှ ယခုလ၁၃ရက်နေ့က ထုတ်ပြန်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခဲ့သည့်နှစ်၇၀အတွင်း စီးပွားရေးနှင့်လူ ဖွံ့ဖြိုးတိုးတက်ရေးဆောင်မြင်မှုအစီရင်ခံစာအရ တရုတ်ပြည်ရှိ အင်တာနက်သုံးစွဲသူဦးရေသည် ၁၉၉၇ခုနှစ်က ၆သန်း၂သိန်းရှိရာမှ ၂၀၁၈ခုနှစ်က သန်း၈၃၀အထိတိုးများလာပြီဖြစ်ကြောင်း၊၂၀၁၈ခုနှစ်က  မိုဘိုင်းအင်တာနက် network influxသုံးစွဲမှုမှာ GB၇၁.၁ဘီလီယံရှိပြီး ၂၀၁၃ခုနှစ်၏ ၅၆.၁ဆဖြစ်ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။