徐敏霞

ပြည်သူတစ်ရပ်လုံး ကျန်းမာရေး လေ့ကျင့်ခြင်း ခေတ်စားနေ

(GMT+08:00)2019-08-08 10:45:35  

သြဂုတ်လ ၈ ရက်နေ့သည် တရုတ်ပြည် ပြည်သူတစ်ရပ်လုံး ကျန်းမာရေး လေ့ကျင့်ရေးနေ့ ဖြစ်သည်။ ယခုနှစ် ကျန်းမာရေး လေ့ကျင့်ရေးနေ့၏ ဆောင်ပုဒ်သည် "တရုတ်ပြည် ကျန်းမာရေးအတွက် တို့အတူ ဆောင်ရွက်ကြစို့" ဖြစ်ပါသည်။

ယခု တရုတ်ပြည် တစ်ပြည်လုံးတွင် ကျန်းမာရေး လေ့ကျင့်မှု ခဏခဏ ပြုလုပ်နေသူ ဦးရေမှာ ၄ သန်းခန့် ရှိပြီး ကျန်းမာရေး လေ့ကျင့်ခြင်းသည် နေထိုင်မှုဘဝ ဆိုင်ရာ ခေတ်စားသည့်အကြောင်း ဖြစ်လာပါပြီ။

တရုတ် အားကစား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုကျုံဝင်က၊ အားကစား လေ့ကျင့်မှုသည် ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ကုန်ကျစရိတ် သက်သာသည့် အကျိုးသက်ရောက်မှု ထင်ရှားသည့် နည်းလမ်း တစ်မျိုး ဖြစ်ကြောင်း၊ အားကစား ဦးစီးဌာနမှ စစ်တမ်းကောက်ယူမှု ရလဒ်အရ၊ တရုတ်ပြည်သူပြည်သား ၃၃့ ၉ ရာခိုင်နှုန်းသည် အားကစား လေ့ကျင့်မှုများ အကြိမ်ရေများစွာ ပြုလုပ်နေသည်ဟု သိရကြောင်း ပြောကြားပါသည်။

၂၀၁၇ ခုနှစ်အထိ တရုတ်ပြည်တွင် အားကစားရုံ အားကစားကွင်း ၁၉ သိန်း ၅ သောင်း ၇ ထောင်ကျော် ရှိပြီဟု သတင်းရရှိပါသည်။

တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ စီမံကိန်းအရ၊ ၂၀၂၂ ခုနှစ် ရောက်သည့်အခါ မြို့နေ ပြည်သူနှင့် ကျေးလက်နေ ပြည်သူများ၏ ကျန်းမာရေး စံချိန်စံနှုန်းမီနှုန်းမှာ ၉၀့ ၈၆ အထက်၌ ရှိရကြောင်း သိရပါသည်။ (ကျော့)