徐敏霞

တရုတ်နှင့် အမေရိကန် စီးပွါးကုန်သွယ်ရေး အဆင့်မြင့် တိုင်ပင်ဆွေးနွေးပွဲဆိုင်ရာ နှစ်ဖက် ခေါင်းဆောင်တို့ တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2019-07-20 11:14:15  

ယခုလ ၁၈ ရက်နေ့ညက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင် အဖွဲ့ ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ်၊ တရုတ်နှင့် အမေရိကန် ဘက်စုံ စီးပွါးရေး ဆွေးနွေးပွဲ၏ တရုတ်ပြည်ဘက် ခေါင်းဆောင် လျိုဟို့သည် ဖိတ်ကြားချက်အရ၊ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် လိုက်သီဇာ၊ ဘဏ္ဍာရေး ဝန်ကြီး မူနူချင်တို့နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ အိုဆာကာ သဘောတူညီမှု ဖေါ်ဆောင်ရေးနှင့် လာမည့် အဆင့်ကာလ တိုင်ပင်ဆွေးနွေးရေးကိစ္စနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။