徐敏霞

ရေဘေးကယ်ဆယ်ရေးကို ထိရောက်စွာ လုပ်ဆောင်ရမည်ဟု လီခေ့ချန် မှာကြား

(GMT+08:00)2019-07-20 11:12:36  

ယခုလ ၁၉ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် အရေးပေါ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနသို့ သွားရောက် လေ့လာ ကြည့်ရှုပြီး ရေဘေးနှင့် မိုးခေါင်ရေရှားမှု ဘေးခုခံရေး လုပ်ငန်း အစည်းအဝေးကို ကြီးမှူး ကျင်းပ၍ လာမည့် အဆင့်ကာလ ရေဘေး ကာကွယ်ရေးလုပ်ငန်းကို စီမံပေးခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယခုနှစ်တွင် တရုတ်ပြည် ဒေသများစွာ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ ယင်းနှင့် ပတ်သက်ပြီး လီခေ့ချန်က၊ ရေဘေးကယ်ဆယ်ရေးကို ထိရောက်စွာ လုပ်ဆောင်ရမည်ဟု မှာကြားခဲ့ပါသည်။