徐敏霞

ဥရောပ အနေနဲ့ ဟောင်ကောင် ပြဿနာ အပေါ် မှားယွင်းတဲ့ အချက် မပြသင့်ဘူး

(GMT+08:00)2019-07-20 11:17:26  

图片默认标题_fororder_CqgNOl0xiJuAZALxAAAAAAAAAAA943_794x595_241x180

ဒီလ ၁၈ ရက်နေ့မှာ ဥရောပလွှတ်တော်က ဟောင်ကောင်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် မူကြမ်း တစ်ရပ်ကို အတည်ပြုပြီး၊ တရုတ် ဟောင်ကောင် အထူး အုပ်ချုပ်ရေးဒေသ အစိုးရ အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူလို့ သူတို့ ခေါ်ကြသူများ အပေါ် တရားစွပ်စွဲမှုကို ဖျက်သိမ်းဖို့၊ ဟောင်ကောင် ရဲတို့ရဲ့ ဥပဒေကျင့်သုံးရေး ဆောင်ရွက်မှုကို စုံစမ်းစစ်ဆေးဖို့ စတာတွေကို အကြောင်းမဲ့သက်သက် တောင်းဆိုခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက် မူကြမ်းဟာ မကြာခင်က ဟောင်ကောင်မှာ ဖြစ်ပွါးခဲ့တဲ့ ပြင်းထန်တဲ့ အကြမ်းဖက် ဆောင်ရွက်မှုတွေကို လျစ်လျူရှုပြီး၊ ဟောင်ကောင် ရဲတို့ တိုက်ခိုက် ဒဏ်ရာ ခံရမှုတွေအပေါ် အလေးမမူဘဲ နေကာ၊ ဟောင်ကောင် ဥပဒေ စိုးမိုးရေးအပေါ် ပြင်းပြင်းထန်ထန် ရန်စခြင်းနဲ့ တရုတ်ပြည်တွင်းရေးကို ကြမ်းတမ်းစွာ ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အဲဒါကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်းနဲ့ ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်းကို ဖေါ်ပြထားပါတယ်။

အဲဒီဆုံးဖြတ်ချက် မူကြမ်းထဲမှာ၊ တရုတ် အစိုးရက တရုတ်-ဗြိတိန် ကြေညာစာတမ်းကို ဖျက်ဆီးတယ်၊ ဟောင်ကောင် အတွင်းပိုင်း ရေးရာကို ဝင်ရောက်စွက်ဖက်တယ်လို့လည်း မဟုတ်မမှန် ပြစ်တင် ဖေါ်ပြထားပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ၊ တရုတ်-ဗြိတိန် ကြေညာစာတမ်းဟာ တရုတ်နိုင်ငံက ဟောင်ကောင်အပေါ် အချုပ်အခြာအာဏာပိုင်ခွင့် ပြန်လည် ကျင့်သုံးရေးနဲ့ ကြားဖြတ်ကာလမှာ သက်ဆိုင်ရာ အစီအစဉ်နဲ့ ပတ်သက်တဲ့ ၁၉၈၄ ခုနှစ်က နှစ်ဖက်တို့ ချုပ်ဆိုခဲ့တဲ့ နိုင်ငံရေး စာတမ်း ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က ဟောင်ကောင်က တရုတ် အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည် ဝင်ရောက် ခဲ့ပြီးနောက် ကြေညာစာတမ်းပါ ဗြိတိန်ဘက်နဲ့ ပတ်သက်တဲ့ အခွင့်အရေးနဲ့ တာဝန် အကုန်လုံး ကုန်ဆုံးပြီ ဖြစ်သဖြင့် ကြေညာစာတမ်းဟာ အတိတ်ကသမိုင်း စာတမ်း ဖြစ်ခဲ့တယ်။ အမိနိုင်ငံ ရင်ခွင့်သို့ ပြန်လည် ဝင်ရောက်ပြီး ဟောင်ကောင် အပေါ် ဗြိတိန်က အချုပ်အခြာအာဏာပိုင်ခွင့်၊ စီမံအုပ်ချုပ်ခွင့်နဲ့ ကြီးကြပ်ခွင့် မရှိဘူး၊ တရုတ်အစိုးရဟာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဟောင်ကောင် အခြေခံ ဥပဒေအရ ဟောင်ကောင် အပေါ် အချုပ်အခြာအာဏာပိုင်ခွင့် ကျင့်သုံးနေတယ်။

ဟောင်ကောင်က အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည် ဝင်ရောက်ခဲ့တဲ့ ၂၂ နှစ်အတွင်း တရုတ်အစိုးရဟာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဟောင်ကောင် အခြေခံ ဥပဒေအရ၊ တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး၊ ဟောင်ကောင်ကို ဟောင်ကောင်သူ ဟောင်ကောင်သားများ စီမံအုပ်ချုပ်ရေး မူဝါဒကို ထိထိရောက်ရောက် အကောင်အထည် ဖေါ်ဆောင်ပြီး ဟောင်ကောင်သူဟောင်ကောင်သားများဟာ မကြံစဖူးသော ဒီမိုကရေစီ အခွင့်အရေးကို လွပ်လွပ်လတ်လတ် ခံစားနေခဲ့ရပါတယ်။

အခု တရုတ်နဲ့ ဥရောပ ဆက်ဆံမှုဟာ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းသစ်နဲ့ ရင်ဆိုင် နေပါတယ်။ ဥရောပလွှတ်တော်ရဲ့ အဲဒီ ဆုံးဖြတ်ချက် မူကြမ်းဟာ ဥပဒေ အာဏာ သက်ရောက်မှု မရှိပေမယ့် မှားယွင်းတဲ့ အချက် တစ်ချက်ကို ပြသပြီး တရုတ်နဲ့ ဥရောပ ဆက်ဆံမှု တိုးတက်ရေး အတွက် အကျိုးမရှိဘူးလို့ ကျွမ်းကျင်ပညာရှင်များက သုံးသပ် ထားကြပါတယ်။ (ကျော့)