徐敏霞

တရုတ် ဘာသာရေး မူဝါဒနှင့် ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်မှုကို အမေရိကန် သရုပ်ပျက် ပြောဆိုခြင်းကို တရုတ် ကန့်ကွက်

(GMT+08:00)2019-07-20 11:11:56  

图片默认标题_fororder_耿爽

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ မကြာမီက အမေရိကန်သည် လွတ်လပ်စွာ ဘာသာရေး ကိုးကွယ်မှု တိုးမြှင့်ရေး ဝန်ကြီးများ အစည်းအဝေးကို ကျင်းပပြီး တရုတ် ဘာသာရေး မူဝါဒနှင့် ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်မှု အခြေအနေကို သရုပ်ပျက် ပြောဆိုခဲ့ခြင်းသည် တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသည် ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်ပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ယခုလ ၁၉ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။