တရုတ် လူပါ အာကာသလုပ်ငန်းရုံးမှ သတင်းအရ၊ ထျန်းကုန်း အမှတ်-၂ အာကာသစခန်းသည် ပီကင်းစံတော်ချိန် ယခုလ ၁၉ ရက်နေ့တွင် အထိန်းအချုပ်ဖြင့် ကမ္ဘာပတ်လမ်းကြောင်းမှ ထွက်ခွါပြီး လေထုလွှာသို့ ထပ်တစ်ကြိမ် ဝင်ရောက်ခဲ့ကြောင်း၊ ယင်းသည် တရုတ် လူပါ အာကာသလုပ်ငန်း၏ အာကာသစခန်းဆိုင်ရာ လုပ်ငန်းတာဝန် အားလုံးကို ချောမောအောင်မြင်စွာ ဆောင်ရွက်ပြီးပြီဟု ပြသနေကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
ထျန်းကုန်း အမှတ်-၂ အာကာသစခန်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ကမ္ဘာပတ်လမ်းကြောင်းသို့ လွှတ်တင်ခဲ့သည့်နောက်ပိုင်း၊ ယင်းအာကာသစခန်းသည် ရှင်ကျိုး အမှတ်-၁၁ လူပါ အာကာသယာဉ်နှင့် ထျန်းကျိုး အမှတ်-၁ ကုန်တင် အာကာသယာဉ်နှင့် ချိတ်ဆက်မှု လေးကြိမ် ရှေ့ဆင့်နောက်ဆင့် ပြုလုပ်ခဲ့ကြောင်း၊ အာကာသယာဉ်မှူး နှစ်ဦး၏ ကမ္ဘာပတ် လမ်းကြောင်းတွင် ရက် ၃၀ ကြာ အလုပ်လုပ်ဆောင်၊ နေထိုင်ခြင်းကို အောင်မြင်စွာ ထောက်ခံပေးခဲ့ကြောင်း၊ တရုတ် အာကာသစခန်း သုတေသတပြု တည်ထောင်ရေးနှင့် လည်ပတ် စီမံခန့်ခွဲရေးအတွက် အရေးကြီး အတွေ့အကြုံများကို စုစည်းထားကြောင်း သတင်းရရှိပါသည်။