宋冉

တရုတ်ပြည်ကျူးကျန်းမြစ်၏ ရေကြောင်းသယ်ယူပို့ဆောင်ရေးပမာဏသည် ကမ္ဘာ့ဒုတိယနေရာတွင် ရှိ

(GMT+08:00)2019-07-19 15:59:45  

တရုတ်လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌါနမှ ကျူးကျန်းမြစ်ရေကြောင်း လုပ်ငန်းစီမံခန့်ခွဲ ရေးဦးစီးဌါနညွှန်ကြားရေးမှူးချုပ် ဝမ်ကျန့်ဟွာက ယခုလ၁၈ရက်နေ့က ကွမ်တုံးပြည်နယ်ကျော့ချင့်မြို့၌ ကျင်းပသော “ တရုတ်ပင်လယ်ခရီးသွားရေးနေ့” ကျူးကျန်းမြစ်ဒေသလှုပ်ရှားမှုခွဲ၌ မိန့်ခွန်းပြောကြားခဲ့ရာ ယခုနှစ်တွင် ကျူးကျန်းမြစ်၏ မြစ်တွင်းကုန်စည်သယ်ယူပို့ဆောင်မှုပမာဏမှာ တန်ချိန် ၁ဘီလီယံအထိရှိနိုင်ဖွယ်ရာရှိပြီး ယန်စီမြစ်ပြီးနောက် ကမ္ဘာပေါ်တွင် ဒုတိယနေရာ၌ ရှိမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။