徐敏霞

တရုတ်စီးပွါးရေးအပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ နောက်ထပ်တစ်ကြိမ် ယုံကြည်မှု ထောက်ခံမဲပေး

(GMT+08:00)2019-07-12 09:42:40  

图片默认标题_fororder_CqgNOl0nCHCAVHl1AAAAAAAAAAA770_660x330

ဒီလ ၁၁ ရက်နေ့က တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ စာရင်းအရ၊ ဒီနှစ် ပထမ နှစ်ဝက်ပိုင်းအတွင်း တရုတ်နိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ယွမ်ငွေ ၄၇၃့ ၃၃ ဘီလီယံ ရှိပြီး ပြီးခဲ့တဲ့နှစ် ပထမ နှစ်ဝက်ပိုင်းကထက် ၇့ ၂ ရာခိုင်နှုန်း တိုးလာပါတယ်။ ကမ္ဘာ့စီးပွါးရေးဆိုင်ရာ အန္တရာယ်များ တိုးလာနေပြီး နိုင်ငံတကာမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု FDI တိုးတက်မှု နှေးကွေးလာနေတဲ့ ခုလို အချိန်အခါမှာ တရုတ်ပြည်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆက်တိုက် တိုးမြင့်လာခြင်းဟာ တရုတ်စီးပွါးရေးအပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများမှ နောက်ထပ်တစ်ကြိမ် ယုံကြည်မှု ထောက်ခံမဲ ပေးတာပဲ ဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်များက သုံးသပ်ထားကြပါတယ်။

ဒီနှစ် ပထမ နှစ်ဝက်ပိုင်းအတွင်း တရုတ် အဆင့်မြင့်နည်းပညာ လုပ်ငန်းနယ်ပယ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ပြီးခဲ့တဲ့နှစ် အလားတူ အချိန်ပိုင်းကထက် ၄၄့ ၃ ရာခိုင်နှုန်း တိုးတက်လာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏရဲ့ ၂၈့ ၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အဲဒါတွေထဲမှာ အဆင့်မြင့်နည်းပညာ ကုန်ထုတ်လုပ်မှုနဲ့ အဆင့်မြင့်နည်းပညာ ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ၁၃့ ၎ ရာခိုင်နှုန်းနဲ့ ၇၁့ ၁ ရာခိုင်နှုန်း အသီးသီး တိုးလာပါတယ်။ ဒါဟာ တရုတ်ပြည် စီးပွါးရေးက လျင်မြန်စွာ တိုးတက်ခြင်းကနေ အရည်အသွေး မြင့်မာစွာ တိုးတက်ခြင်းသို့ ပြောင်းလဲတဲ့ အလားအလာအရှိန်နဲ့ ကိုက်ညီ ပါတယ်။ တစ်ချိန်တည်းမှာ အဓိက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တဲ့ နိုင်ငံများဟာ တည်မြဲ နေပြီး၊ တောင်ကိုးရီးယား၊ ဂျပန်၊ ဂျာမဏီ၊ ဥရောပသမဂ္ဂတို့ရဲ့ တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံမှု တိုးတက်နှုန်းဟာ ၆၃့ ၈ ရာခိုင်နှုန်း၊ ၁၃့ ၁ ရာခိုင်နှုန်း၊ ၈၁့ ၃ ရာခိုင်နှုန်းနဲ့ ၂၂့ ၅ ရာခိုင်နှုန်း အသီးသီး ဖြစ်တယ်လို့ စာရင်းအရ သိရပါတယ်။

တရုတ်နိုင်ငံမှာ လူဦးရေ သန်း ၁၄၀၀ ရှိတဲ့ စားသုံးကုန်ဈေးကွက်ကြီးနဲ့ အတိုင်းအတာ ကြီးမားတဲ့ အလယ်အလတ်ဝင်ငွေ လူတန်းစားများ ပိုင်ဆိုင်ပြီး အဲဒါတွေဟာ တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြတဲ့ နိုင်ငံခြား လုပ်ငန်းရှင်များအတွက် အမြတ်အစွန်း ထိထိရောက်ရောက် ဆောင်ကြဉ်းပေးနေပါတယ်။ ၂၀၁၈ ခုနှစ်က အတိုင်းအတာ အသင့်အတင့်ရှိတဲ့ စက်မှုလုပ်ငန်းကုမ္ပဏီများထဲမှာ နိုင်ငံခြားနဲ့ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ် လုပ်ငန်းကုမ္ပဏီများရဲ့ အမြတ်အစွန်း စုစုပေါင်းပမာဏဟာ ယွမ်ငွေ ၁၆၇၇့ ၅၅ ဘီလီယံ ရှိပြီး ၁့ ၉ ရာခိုင်နှုန်း တိုးလာပါတယ်။ တရုတ်ပြည် စီးပွါးရေးနဲ့ အတူ ရှင်သန် ဖွံ့ဖြိုး တိုးတက်လိုတဲ့ နိုင်ငံခြား လုပ်ငန်းကုမ္ပဏီမျာဟာ တရုတ်ပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေး တိုးချဲ့ဆောင်ရွက်စဉ်မှာ ပိုမိုများပြားတဲ့ အခွင့်အလမ်းတွေကို ရှာဖွေ ရရှိနိုင်မှာ မုချဧကန်ပါပဲ။ (ကျော့)