刘晓宇

ရှင်းကျန်းအရေးနှင့်ပတ်သက်ပြီး မည်သည့် အပြင်ဖက်အင်အားများ၏ ဝင်ရောက် စွက်ဖက်မှုမဆို ခွင့်ပြုမည်မဟုတ်ဟု တရုတ်ဆို

(GMT+08:00)2019-07-12 11:07:43  

        မကြာခင်ရက်များက နိုင်ငံအချို့သည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံသို့ စာပေးပို့ပြီး တရုတ်ပြည်၏ ရှင်းကျန်းပေါ်လစီများကို အပြစ်တင်ခြင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က ရှင်းကျန်း ပြဿနာနှင့်ပတ်သက်ပြီး တရုတ်အစိုးရနှင့် တရုတ်ပြည်သူများသည် ပြောခွင့် အရှိဆုံးပင်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံနှင့် အပြင်ဖက်အင်အားများ၏ ဝင်ရောက် စွက်ဖက်မှုမဆို ခွင့်ပြုမည် မဟုတ်ကြောင်း ယခုလ ၁၁ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

        ကင်စွမ်က သက်ဆိုင်ရာနိုင်ငံများ၏ စာထဲတွင် အဖြစ်မှန်ကို လျစ်လျူရှုပြီး တရုတ်ပြည်ကို အကြောင်းမဲ့ ပြစ်တင်ရှုတ်ချ၍ လူ့အခွင့်အရေးပြဿနာကို နိုင်ငံရေးပြဿနာအဖြစ် လုပ်ကာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ကြမ်းတမ်းစွာဝင်းရောက်စွက်ဖက်ခဲ့ကြောင်း၊ တရုတ်ပြည်ဘက်သည် ယင်းလုပ်ရပ်အပေါ် ပြင်းထန်စွာ မကျေမနပ်ဖြစ်ပြီး ပြတ်သားစွာ ကန့်ကွက်ကြောင်း ပြောကြားသည်။