宋冉

တရုတ်ပြည်၏ဖွံ့ဖြိုးတိုးတက်မှုသည် အမေရိကန်အတွက် အကျိုးစီးပွားခံစားစေသည်ဟု အမေရိကန်ပညာရှင်ဆို

(GMT+08:00)2019-07-12 15:38:03  

Yaleတက္ကသိုလ်စီမံခန့်ခွဲရေးကောလိပ်အဆင့်မြင့်သုတေသီ၊ Morgen Stanleyအာရှဒေသဆိုင်ရာဥက္ကဋ္ဌဟောင်း စတီဖန် ရိုခ်ျသည် မကြာမီက် China Media Group၏ သတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာအတွက် အထူးသဖြင့် အမေရိကန်နိုင်ငံအတွက် အကျိုးစီးပွားခံစားစေနေကြောင်း၊ အမေရိကန်နိုင်ငံရေးလောကမှ လူအချို့က တရုတ်ဆိုင်ရာကုန်သွယ်မှု လိုငွေပြခြင်းကို အကြောင်းပြပြီး တရုတ်ပြည်ကို ပြစ်တင်ရှုတ်ချခြင်းသည် အမေရိကန်နိုင်ငံ၏ စီးပွားရေးဖွဲ့စည်းပုံပြဿနာကို ဖြေရင်းရန် အကျိုးရှိမည်မဟုတ်ကြောင်း၊ ပြည်သည် အရည်အချင်းမြင့်မားသော ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးကို ဆက်လက်ဆောင်ရွက်သင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု China Media Group၏ သတင်းအရသိရပါသည်။