辛甜

ရှီကျင့်ဖိန်၏နိုင်ငံခြားဆက်ဆံရေးဆိုင်ရာအတွေးအခေါ်နှီးနှောဖလှယ်ပွဲကို ပေကျင်း၌ ကျင်းပ

(GMT+08:00)2019-07-12 09:53:23  

      ယခုလ ၁၁ ရက်နေ့က ရှီကျင့်ဖိန် နိုင်ငံခြားဆက်ဆံရေးဆိုင်ရာ အတွေးအခေါ် နှီးနှောဖလှယ်ပွဲကို ပေကျင်း၌ ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဌာနဝန်ကြီး စုန့်ထောင်းသည် ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ရှီကျင့်ဖိန်၏ နိုင်ငံခြားဆက်ဆံရေးဆိုင်ရာ အတွေးအခေါ်များကို နက်ရှိုင်းစွာ လေ့လာ၊ လိုက်နာဆောင်ရွက်ခြင်းသည် မျက်မှောက်နှင့် အနာဂတ် နိုင်ငံတကာဆက်ဆံရေးလုပ်ငန်း၏ အဓိကတာဝန်ဝတ္တရားဖြစ်သကဲ့သို့ တရုတ်ထူးခြားချက် ဝိသေသပါရှိသော နိုင်ငံခြားရေး အခြေအနေသစ်ကို တစ်ဆင့်တိုး ဖွင့်လှစ်ရေး၏ သော့ချက် လည်းဖြစ်ကြောင်း ပြောကြားသည်။