刘晓宇

ကန်၏ ထိုင်ဝမ်အား လက်နက် ရောင်းချမည့်အပေါ် တရုတ် ပြတ်သားစွာ ကန့်ကွက်ပြီး ကန်အား တည်ကြည်လေးနက်စွာ အရေးဆို

(GMT+08:00)2019-07-12 11:08:08  

        ယခုလ ၁၁ ရက်နေ့က တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝူချန်က အမေရိကန်နိုင်ငံ၏ ထိုင်ဝမ်အား လက်နက် ရောင်းချရန်ကိစ္စနှင့်ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာ ထိုင်ဝမ်သည် တရုတ်ပြည်၏ ခွဲမရသော အစိတ်အပိုင်းဖြစ်ကြောင်း၊ တရုတ်တပ်မတော်သည် အမေရိကန်နိုင်ငံ၏ အဆိုပါလုပ်ရပ်အပေါ် ပြင်းထန်စွာ မကျေမနပ်ဖြစ်ပြီး ပြတ်သားစွာ ကန့်ကွက်ကာ အမေရိကန်ဘက်အား တည်ကြည်လေးနက်စွာ အရေးဆိုပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

        ဝူချန်က ထိုင်ဝမ်ရေးရာသည် တရုတ်ပြည်၏ ပြည်တွင်းရေးရာဖြစ်ပြီး တရုတ်ပြည်၏ အမြုတေဖြစ်သော အကျိုးစီးပွားနှင့် တရုတ်ပြည်သူများ၏ အမျိုးသားသံယောဇဉ်နှင့်သက်ဆိုင်သည့်အတွက် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုကို ခွင့်ပြုမည်မဟုတ်ကြောင်း ထပ်လောင်း အလေးထားပြောကြားသည်။