宋冉

ရာသီဥတုပြောင်းလဲမှုကို တက်ကြွစွာရင်ဆိုင်ဖြေရှင်းပြီး စွမ်းအင်ချွေတာရေး၊ ကာဗွန်ဓါတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးကို နက်ရှိုင်းစွာဆောင်ရွက်ရမည်ဟု ဝန်ကြီးချုပ်လီခေ့ချန်ဆို

(GMT+08:00)2019-07-12 15:38:54  

 မကြာမီက တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်၊ နိုင်ငံတော်ရာသီဥတုပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းရေးနှင့် ကာဗွန်ဓါတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး လုပ်ငန်းဦးဆောင် အဖွဲ့ခေါင်းဆောင်လီခေ့ချန်သည် ဦးဆောင်အဖွဲ့အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

လီခေ့ချန်က ယခုနှစ်များက သက်ဆိုင်ရာလုပ်ငန်းဌါနများသည် ဖွံ့ဖြိုးရေးအတွေးအခေါ်ကို တက်ကြွဖေါ်ဆောင်ပြီး ရာသီဥတုပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းရေးနှင့် ကာဗွန်ဓါတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးနယ်ပယ်တွင် ထင်ရှားသော တိုးတက်မှုကို ရရှိခဲ့ကြောင်း၊ လက်ရှိအခြေအနေသစ်တွင် အရည်အချင်းမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်အရစီးပွားရေးလူမှုရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် ရာသီဥတုပြောင်းလဲမှုရင်ဆိုင်ဖြေရှင်းရေးနှင့် ကာဗွန်ဓါတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးလုပ်ငန်း၂ခုကိုတစ်ပြိုင်တည်းညှိနှိုင်းပြီး စီမံခန့်ခွဲ ရမည်ဖြစ်ကြောင်း၊ စီးပွားရေးဖွဲ့စည်းပုံကောင်းမွန်အောင် အဆင့်မြှင့်တင်ပြီး ဂေဟစနစ်ကိုအားဖြည့်တည်ဆောက်၍ ကမ္ဘာကြီး ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းရန်အတွက် အကျိုးပြုစွမ်းဆောင်ပေးရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။