刘晓宇

၁၀ကြိမ်မြောက် တရုတ်-ဗြိတိန် စီးပွားရေးနှင့် ငွေရေးကြေးရေး ဆွေးနွေးပွဲ ကျင်းပမည်

(GMT+08:00)2019-06-13 11:29:54  

        တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က ၁၀ကြိမ်မြောက် တရုတ်-ဗြိတိန် စီးပွားရေးနှင့် ငွေရေးကြေးရေး ဆွေးနွေးပွဲကို ယခုလ ၁၇ ရက်နေ့တွင် ဗြိတိန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း၊ တရုတ်နှင့် ဗြိတိန်နှစ်ဖက်တို့သည် မက္ကရိုစီးပွားရေး အခြေအနေ၊ နိုင်ငံတကာ စီးပွားရေး စီမံခန့်ခွဲမှု၊ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းရပ်ကြီးများ ပူးပေါင်းဆောင်ရွက်မှု၊ ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာမြောက် နယ်ပယ်သစ်များမှ ပူးပေါင်းဆောင်ရွက်မှု စသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် ဟူချွန်ဟွာနှင့် ဗြိတိန် ဘဏ္ဍာရေးဝန်ကြီး ဖီလစ်-ဟာမွန်တို့က ယင်းဆွေးနွေးပွဲကို ဦးစီးကျင်းပမည်ဖြစ်ကြောင်း ယခုလ ၁၂ ရက်နေ့က ပီကင်းမြို့၌ ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။