朱蕾

အမေရိကန်မှ အစပြုခဲ့သည့် စီးပွားကုန်သွယ်ရေးအငြင်းပွားမှုသည် အများပြည်သူ့ဆန္ဒနှင့် မကိုက်ညီဘဲ၊ သူများအကျိုးကို ထိခိုက်စေရုံသာမက ကိုယ့်အတွက်လည်း အကျိုးမရှိဟု နိုင်ငံခြား ပုဂ္ဂိုလ်များ ဆို

(GMT+08:00)2019-06-13 15:24:12  

မကြာခင်က အမေရိကန်အစိုးရမှ ပြုလုပ်သည့် တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုး   စီးပွားကာကွယ်ရေးဝါဒဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ၄င်းက မကြာခဏ အခွန် တိုးကောက်ခြင်းဖြင့် စီးပွားကုန်သွယ်ရေးအငြင်းပွားမှုအစပြုခဲ့ခြင်းနှင့် စပ်လျဉ်း၍ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာ လှုပ်ရှားမှုတွင် ပါဝင်နေသည့် နိုင်ငံခြား ဧည့်သည်များက၊ အမေရိကန်နိုင်ငံ၏ မှားယွင်းသော လုပ်ရပ်များသည်၊ အများပြည်သူ့ဆန္ဒနှင့် မကိုက်ညီဘဲ၊ သူများအကျိုးကို ထိခိုက်စေရုံ သာမက၊ ကိုယ့်အတွက်လည်း အကျိုးမရှိသဖြင့်၊ တစ်ကမ္ဘာလုံးအား ဆိုးကျိုးများကို ဆောင်ကြဉ်း လာမည်ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်ဟု ဆင်ဟွာသတင်းအရသိရသည်။