宋冉

တရုတ်-ဂီရ်ဂစ္စတန်ဆက်ဆံမှုဖွံ့ဖြိုးတိုးတက်မှုအပေါ် အပြည့်ယုံကြည်စိတ်ရှိသည်ဟု အလယ်အရှ ပါရဂူဆို

(GMT+08:00)2019-06-13 15:47:43  

ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ဂီရ်ဂစ္စတန်နိုင်ငံတွင် ခရီးလှည့်လည်စဉ်နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဘီရှိကေက်ထိပ်သီးအစည်းအဝေးကို တက်ရောက်စဉ်တွင် အလယ်အရှဒေသရှိ နာမည်ကျော်နိုင်ငံတကာရေးရာပါရဂူ ဆေဂေ မာဆော်လိုဗ်က စီအာအိုင်သတင်းထောက်နှင့်တွေ့ဆုံရာ၌ တရုတ်-ဂီရ်ဂစ္စတန်ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်မှုအပေါ် ယုံကြည်စိတ် အပြည့်အဝရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရပါသည်။

ဆေဂေ မာဆော်လိုဗ်က အခြေခံအဆောက်အအုံ၊ လယ်ယာစိုက်ပျိုးရေးနှင့် စွမ်းအင်စသော နယ်ပယ်၃နယ်ပယ်သည် တရုတ်-ဂီရ်ဂစ္စတန်ပူးပေါင်းဆောင်ရွက်ရေး၏ ဦးစားပေး နယ်ပယ်များဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။