梅皓

အာရှ နိုင်ငံ အသီးသီးတို့ ပူးပေါင်းပြီး ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေးကို ရင်ဆိုင်ရန် ထိုင်းနိုင်ငံရေးနှင့် စီးပွားရေး ပုဂ္ဂိုလ်များ ပန်ကြား

(GMT+08:00)2019-06-13 11:21:30  

  ထိုင်းနိုင်ငံရေးနှင့် စီးပွားကုန်သွယ်ရေး ပုဂ္ဂိုလ်များက လက်ရှိအခြေအနေမျိုးတွင် လွတ်လပ်သော ကုန်သွယ်ရေး ဖော်ဆောင်မှု အတွက် တရုတ်ပြည်၏ ထိန်းသိမ်းကာကွယ် ရေးသဘောထား ရပ်တည်ချက် အပေါ် ချီးကျူးသည့် အပြင်၊ အာရှ နိုင်ငံ အသီးသီးတို့ လက်တွဲ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အားပေးထောက်ခံကာ တစ်ဖက်သတ်ဝါဒ နှင့်ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေးကို အတူ ရင်ဆိုင်ကြရန် ပန်ကြားကြောင်း လည်း မကြာခင်က ဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

  ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် Somkid Jatusripitakက မကြာခင်က ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော တရုတ်(ကွမ်တုန်း)-ထိုင်း စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကူးလူးဖလှယ်ပွဲတွင် မိန့်ခွန်းပြောကြားရာ၌ လက်ရှိ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်လာသော ဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်းကို ဖီလာဆန့်ကျင်ပြီး လုပ်ခြင်း၊ လွတ်လပ်သော ကုန်သွယ်မှုကို ဖီလာဆန့်ကျင်ပြီး လုပ်ခြင်းနှင့် ကုန်သွယ်မှု အဟန့်အတားများ ထားရှိခြင်းများ အပေါ် နိုင်ငံ အသီးသီးမှ ပြည်သူများသည် စိုးရိမ်မကင်း ဖြစ်မိကြောင်း၊ ယင်းသည် ထိုင်းနိုင်ငံ အပေါ်လည်း ဂယက်ရိုက်ခတ်မှု ရှိကြောင်း၊ လက်ရှိ မရေမရာမှု များရှိနေသော အခြေအနေမျိုးတွင် အာရှ နိုင်ငံများ အကြား ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်ပြီး အပြန်အလှန် အားပေးထောက်ခံကာ သွေးစည်းညီညွတ်၍ အားကောင်းသော အာရှ စီးပွားရေးကို ဖန်တီးပေးသင့်ကြကြောင်း ပြောကြားသည်။