李悦

ရှီကျင့်ဖိန်သည် ၂၃ကြိမ်မြောက် စိန်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေး ဖိုရမ် မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းပြောကြား

(GMT+08:00)2019-06-08 17:07:58  

图片默认标题_fororder_11

၂၃ကြိမ်မြောက် စိန်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေး ဖိုရမ် မျက်နှာစုံညီ အစည်းအဝေးကို ယခုလ ၇ရက်နေ့က ရုရှား နိုင်ငံ စိန်ပီတာစဘတ်မြို့တွင် ကျင်းပခဲ့ကြောင်း၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၊ ရုရှား သမ္မတ ပူတင်၊ ဘူလ်ဂေးရီးယား နိုင်ငံ သမ္မတ ရာဒယ်ဗ်၊ အာမေးနီးယား နိုင်ငံ ဝန်ကြီးချုပ် ပါရှီနီယန်၊ စလိုဗားကီးယား နိုင်ငံ ဝန်ကြီးချုပ် ပယ်လယ်ဂရီနီနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကူတယ်ရက်စ်စသည့် ခေါင်းဆောင်များသည် တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

图片默认标题_fororder_22

၎င်းမျက်နှာစုံညီ အစည်းအဝေးတွင် ရှီကျင့်ဖိန်က ”ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကို စွဲကိုင်ပြီး စည်ပင်သာယာ ကောင်းမွန်သော ကမ္ဘာကို အတူ တည်ဆောက်ရန်” ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားရာ၌ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာ၌ မကြုံစဖူး ကြီးမားသော ပြောင်းလဲမှုကို ရင်ဆိုင်နေရသည့် လက်ရှိအခြေအနေမျိုးတွင် တရုတ်ပြည်သည် နိုင်ငံတကာ မိသားစုကြီးနှင့်အတူ တံခါးဖွင့်မှုရှိသော ဘက်စုံ ကမ္ဘာ့စီးပွားရေးကို ဖန်တီးပြီး အားလုံးအကျိုးခံစားနိုင်ကြသည့်အပြင်၊ သက်ညှာထောက်ထားမှုနှင့် ချမ်းမြေ့သာယာမှု ရှိသည့် လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်ကာ လူသားနှင့် သဘာဝ အကြား သင့်မြတ်သာယာစွာ အတူ ယှဉ်တွဲနေထိုင်နိုင်ကြသော သာယာလှပသည့် ကမ္ဘာကို တည်ဆောက်၍ ဆန်းသစ်သော ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ဖွင့်လှစ်ရန် လက်တွဲ ကြိုးပမ်းကြလိုကြောင်း ပြောကြားသည်။

ရှီကျင့်ဖိန်က ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေးသည် ကမ္ဘာပေါ်က နိုင်ငံအများစု ၏ဘုံတောင်းဆိုချက်နှင့် ကိုက်ညီကြောင်း၊ ယင်းနှင့်ပတ်သက်၍ ၃ချက်ရှိကြောင်း၊ ပထမအချက်က မိမိတို့ အနေနှင့် အတူ တိုင်ပင်ဆွေးနွေးရေး၊ အတူ တည်ဆောက်ရေးနှင့် အတူမျှဝေခံစားရေးကို စွဲကိုင်ပြီး တံခါးဖွင့်မှုရှိသော ဘက်စုံ ကမ္ဘာ့စီးပွားရေးကို အတူဖန်တီးကြရန် လိုအပ်ကြောင်း၊ ဒုတိယ အချက်ကတော့ မိမိတို့ အနေနှင့် လူကို အရင်းခံခြင်းအား စွဲကိုင်ပြီး အားလုံး အကျိုးခံစားနိုင်ကြပြီး  သက်ညှာထောက်ထားမှုနှင့် ချမ်းမြေ့သာယာမှု ရှိသည့် လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်ရန် လိုအပ်ကြောင်း၊ တတိယ အချက်က မိမိတို့ အနေနှင့် မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးကို စွဲကိုင်ပြီး လူသားနှင့် သဘာဝ အကြား သင့်မြတ်သာယာစွာ အတူ ယှဉ်တွဲနေထိုင်နိုင်ကြသော သာယာလှပသည့် ကမ္ဘာကို တည်ဆောက်ရန် လိုအပ်ကြောင်း ပြောကြားသည်။