梅皓

တရုတ်နှင့် ရုရှား အကြား တစ်နိုင်ငံ၏ တက္ကသိုလ်ကောလိပ်ကျောင်းမှ တစ်နိုင်ငံ၏ ထိပ်သီးခေါင်းဆောင်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံမှု အဆင့်မြင့်မားခြင်းကို ပြဆိုနေသည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2019-06-07 21:28:11  

  

图片默认标题_fororder_微信图片_20190608171215

ယခုလ ၆ရက်နေ့ညက တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရုရှား နိုင်ငံ စိန်ပီတာစဘတ် အမျိုးသား တက္ကသိုလ်မှ ၄င်းကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ ရုရှား သမ္မတ ပူတင်သည်လည်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

  စိန်ပီတာစဘတ် အမျိုးသား တက္ကသိုလ် ပါမောက္ခချုပ် နီကိုလိုင် ကရိုပါချယ်ဗ်သည် ဥက္ကဋ္ဌ ရှီကျင့်ဖိန်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

  ယခုနှစ် ဧပြီလက တရုတ်ပြည် ချင်းဟွာ တက္ကသိုလ်သည် ရုရှား သမ္မတ ပူတင်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် သမ္မတ ပူတင်တို့သည် ပီကင်းတွင် ကျင်းပခဲ့သော ၄င်းချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း၊ ချင်းဟွာ တက္ကသိုလ်နှင့် စိန်ပီတာစဘတ် အမျိုးသား တက္ကသိုလ်သည် တရုတ်နှင့် ရုရှားနိုင်ငံတွင် နာမည်ကျော်ကြားသည့် တက္ကသိုလ်ကျောင်း အသီးသီး ဖြစ်ပြီး ရှီကျင့်ဖိန်နှင့် ပူတင်၏ မိခင်ကျောင်းလည်း အသီးသီး ဖြစ်ကြောင်း  စီအာအိုင် သတင်းအရ သိရသည်။

  ၆ရက်နေ့က ကျင်းပသော အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က

  ချင်းဟွာ တက္ကသိုလ်နှင့် စိန်ပီတာစဘတ် အမျိုးသား တက္ကသိုလ်မှ ပူတင်နှင့် မိမိတို့အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အသီးသီး ချီးမြှင့်ခြင်းသည် ပညာရေးနှင့် ယဉ်ကျေးမှု နယ်ပယ်တွင် နှစ်နိုင်ငံ ကူးလူးဖလှယ်မှု နွေးထွေးခြင်းကို ပြဆိုပြီး တရုတ်-ရုရှား ဆက်ဆံမှု အဆင့်မြင့်မားခြင်းကိုလည်း ပြသနေကြောင်း၊ နှစ်နိုင်ငံတို့ အကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် တိုးပွားစေပြီး ကိုယ့်နိုင်ငံ၏ ကောင်းမွန် ထူးချွန်သော ယဉ်ကျေးမှုကို ကိုယ်စီ ကျယ်ပြန့်စွာ ပြန့်ပွားစေကာ ကိုယ့်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေး အတွက် ပိုမိုများပြားသော ထူးချွန်သူများကို ပြုစုပျိုးထောင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။