李悦

ရှီကျင့်ဖိန်သည် ရုရှား ဝန်ကြီးချုပ် Medvedev နှင့် တွေ့ဆုံ

(GMT+08:00)2019-06-07 16:34:13  

图片默认标题_fororder_总理

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၆ ရက်နေ့က ရုရှားနိုင်ငံ မော်စကို မြို့တော်၌ ဝန်ကြီးချုပ် Medvedevနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု ဆင်ဟွာသတင်း အရသိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌ ရှီကျင့်ဖိန်က လက်ရှိတရုတ်-ရုရှားဆက်ဆံမှုသည် ခေတ်ကာလသစ်သို့ ဝင်ရောက်နေပြီဖြစ်ပြီး၊ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုသည်၊ အတွင်းအနှစ်သာရများကို အဆက်မပြတ် ထုတ်ဖော်ရရှိခဲ့ကြကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။