朱蕾

ဝမ်ချီဆန်းသည် ဘရာဇီးနိုင်ငံ ဒု သမ္မတ နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2019-05-24 14:51:20  

တရုတ်နိုင်ငံတော် ဒု ဥက္ကဋ္ဌ ဝမ်ချီဆန်းသည်၊ ယခုလ ၂၃ ရက်နေ့က ပီကင်းတွင် ဘရာဇီးနိုင်ငံ ဒု သမ္မတ မော်ရော်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ တရုတ်-ဘရာဇီးအဆင့်မြင့် ညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ၅ ကြိမ်မြောက်အစည်းအဝေးကို အတူ ကြီးမှူးကျင်းပခဲ့ကြကြောင်း စီအာအိုင်သတင်းအရသိရသည်။

နှစ်ဦးနှစ်ဖက်တို့သည်၊ ကုန်သွယ်ရေး အရည်အသွေး မြင့်မားစွာ တိုးတက်စေရန်၊ ဆန်းသစတီတွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ပြုလုပ်ရန်နှင့် တရုတ်-ဘရာဇီး စီးပွားကုန်သွယ် ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်စေရန် တွန်းအားပေးသွားမည်ဟု သဘောတူကြ ကြောင်း သတင်းက ဖော်ပြသည်။