马宁

ဂျီ၂၀ ကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေးတွင် WTOပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ဆွေးနွေးမည်ဟု တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2019-05-24 13:35:35  

  ဂျီ၂၀ ကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေးကို ဇွန်လ ၈ရက်နေ့မှ ၉ရက်နေ့အထိ ဂျပန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း၊ ယခုနှစ် ဂျီ၂၀ ကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေးတွင် တစ်ကမ္ဘာလုံး ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေး ပတ်ဝန်းကျင် ကောင်းမွန်စေရေး၊ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု နှင့် ဆက်တိုက်ပြုနိုင်ပြီး သက်ညှာ ထောက်ထားမှုရှိသော တိုးတက်မှု၊ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ ပြုပြင်ပြောင်းလဲမှု၊ ကုန်သွယ်ရေး နှင့် ဒီဂျစ်တယ် စီးပွားရေး စသည်များနှင့်ပတ်သက်၍ အလေးထား ဆွေးနွေးမည်ဖြစ်ကြောင်း၊ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကောဖုန်းက ၂၃ရက်နေ့က ပီကင်း၌ ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။