宋冉

ဥက္ကဋ္ဌရှီကျင့်ဖိန်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီထံဂုဏ်ပြုသဝဏ်လွာပေးပို့

(GMT+08:00)2019-05-24 15:24:07  

ယခုလ၂၃ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် အိန္ဒိယဝန်ကြီးချုပ်မိုဒီထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ရာ ဝန်ကြီးချုပ်မိုဒီဦးဆောင်သော ပြည်လုံးဆိုင်ရာဒီမိုကရေစီမဟာမိတ်အဖွဲ့သည် ၁၇ကြိမ်မြောက်အိန္ဒိယပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် အနိုင်ရရှိခြင်းအတွက် ထောပနာပြုခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဥက္ကဋ္ဌရှီကျင့်ဖိန်က မိမိသည် တရုတ်-အိန္ဒိယဆက်ဆံမှုဖွံ့ဖြိုးရေးကို အလွန်အလေးထားပြီး ဝန်ကြီးချုပ်နှင့်အတူ နှစ်နိုင်ငံဆက်ဆံမှုတိုးတက်ရန်ဦးတည်ချက်ကို ကောင်းမွန်စွာ စွဲကိုင်ပြီး နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို တိုးပွားစေကာ လက်တွေ့ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်၍ နှစ်နိုင်ငံအကြား ပိုမိုချစ်ခင်ရင်းနှီးသောမိတ်ဖက်ဆက်ဆံမှုကို အဆင့်သစ်သို့ ရောက်ရှိရန် တွန်အားပေးလိုကြောင်း ထုတ်ဖော်ခဲ့သည်ဟု သတင်းရရှိပါသည်။